13
,
ဒီတစ်ခါတော့ ပရိတ်သတ် တွေကို Netflix က ဟာသ ကားလေး တစ်ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒါပေမယ့် ကြိုသတိပေးချင်တာကတော့ 18+ အဆင့် R- Rated အဆင့်ပါ။ လိင်အင်္ဂါ ပုံတွေ အထင်းသား ပြထားတဲ့အပြင် သွေးထွက်သံယုံ အပြင်းစားတွေ နဲ့လူကြီး နဲ့ ကလေး အတူတူ မကြည့်သင့်တဲ့ ဆဲဆိုတဲ့ အသုံးအနှုန်းတွေ အများကြီးပါဝင်တဲ့အတွက် အသက်မပြည့်သေးတဲ့ သူများ ၊ မိသားစုနဲ့ အတူကြည့်သော သူများကြည့်ရှုရန် မသင့်တော်ပါ နှလုံးရောဂါရှိသူများ မကြည့်သင့်ပါ ဇတ်လမ်းပုံစံကတော့ ထောင့်မကျိုး အပျင်းထူ လူတွေနဲ့အစေးမကပ် တဲ့ ဟိုတယ်တစ်ခုရဲ့ အခန်းရှင်း ပိတ်တာဘွိုင်း ၃ ယောက်နဲ့ဇတ်လမ်း စထားပါတယ်...။ သူတို့ ၃ ယောက်က မကောင်းတဲ့ အကျင့်တစ်မျိုးစီ ရှိပြီး ဘာလုပ်လုပ် တလွဲတွေပဲ ဖြစ်နေပေမယ့် တူညီတဲ့ အကြံတစ်ခုတော့ ရှိပါတယ် အဲ့ဒါကတော့ ချမ်းသာချင်တဲ့ စိတ်ပါပဲ ? တစ်ရက်မှာတော့ သူတို့ ဟိုတယ် ကို VIP တစ်ယောက်လာတည်းပါတယ်၊ အဲ့ဒီအတွက်လဲ ဟိုတယ်တစ်ခုလုံး တာဝန်တွေ ခွဲဝေယူရရင်း၊ အလုပ်ရှုပ်နေတာပေါ့ အဲ့ဒီ VIP ကတော့ Online မှာ ပိုက်ဆံအကုန်ခံပြီးပေါက်ကရတွေ အကုန်လျှောက်လုပ်နေတဲ့ လူမဲ သူဌေးလေး တစ်ဦးဖြစ်ပြီး သူ့ဘ၀ တစ်လျှောက် လိင်ဆက်ဆံတာ နဲ့ အပျော်ကြားတာတွေ အတွက် ပိုက်ဆံအကုန်ခံပြီး လုပ်နေတာဖြစ်ပြီး အားကျတဲ့ Follower တွေ အများကြီးရထားတဲ့ နာမည်ကြီး တစ်ဦး ဖြစ်ပါတယ်...။ ပိတ်တာ ၃ ယောက်လဲ ထိုအကြောင်း သိထားတော့ သူတို့ရေးထားတဲ့ ဂိမ်းပလန် ကို ပြပြီး ပရောဂျက်တောင်းဖို့ ကြံစည်ကြတော့တာပါပဲ.. ဒါပေမယ့် ကံမကောင်းချင်တော့ သူတို့ထက် အရင်အဲ့ဒီသူဌေးကို ပြန်ပေးဆွဲပြီး ငွေညှစ်ဖို့ ကြံနေတဲ့အဖွဲ့ကဟိုတယ်ကို ရောက်နှင့်နေပါပြီ။ ဒီတော့ကာဘယ်လို သည်းထိတ်ရင်ဖို တလွဲတွေကြီးလုပ်ပြီးဟိုတယ်နဲ့ VIP ကို ကယ်မလဲဆိုတာရယ်မောရင်း ကြည့်ရှုလိုက်ကြပါအုံး.. #Credit CM
No comments:
Post a Comment