121
"des" : "ဒီဇာတ်ကားလေးကိုကြည့်သင့်တယ်လို့ထင်ပါတယ်…လူငယ်တွေလည်းမဖြစ်သင့်တာမဖြစ်ရအောင် သတိထားမိအောင်ပေါ့..ဟာသကားလေးပါပဲ..သဘောကျကြမှာပါ… တချို့ဇာတ်ဝင်ခန်းတွေ အမြင်မတော်တာတွေပါဝင်တဲ့အတွက် 18+ ခေါင်းစဉ်တပ်ထားရပါတယ် အခုတစ်လော အင်တာနက်မှာ ဖြစ်ပျက်မှုများပြားနေတဲ့အကြောင်းလေးကို ဟာသလေးရောနှောပြီး ရိုက်ကူးတင်ပြထားတဲ့ဇာတ်ကားလေးပါ။ Jay နဲ့ Annie တို့ အမှတ်မထင်ရိုက်ကူးထားတဲ့ Sex Tape လေးဟာ မထင်မှတ်ပဲ iPad တွေကို Sync လုပ်လိုက်လိုက်ရာမှတစ်ဆင့် Cloud ကနေ တခြားလူတွေဆီ ရောက်သွားပါတော့တယ်။ အစက ဒါကို သတိမထားမိသေးပဲ Jay ဖုန်းကို တစ်စုံတစ်ယောက်က ထို Tape နဲ့ပတ်သတ်ပြီး စာပို့တော့မှ သတိထားမိတာပါ။ ဘယ်သူပို့လည်းတော့ မသိပါဘူး။ ဒါကြောင့် Annie နဲ့ Jay တို့ နှစ်ယောက် iPad ပေးထားတဲ့သူတွေဆီသွားပြီး ပြန်ယူကာ ထို ဗီဒီယိုဖိုင်ကို ဖျက်ဖို့ကြိုုစားရင်း အစောက message ကို ဘယ်သူပို့လည်းဆိုတာ စုံစမ်းပါတော့တယ်။ သူတို့နှစ်ယောက် iPad တွေ ပြန်ယူဖို့ကြိုးစားခဲ့ပုံကို ဟာသရောနှောကာ ရိုက်ကူးတင်ဆက်ထားပြီး ထို စာပို့သူဟာ သူတို့ မထင်ထားတဲ့သူတစ်ယောက်ဖြစ်ပြီး ဘယ်လိုတွေဖြစ်ပျက်မလည်းဆိုတာကို ကြည့်ရှုရမှာပါ။ ဇာတ်လမ်းအစပိုင်းမှာတော့ အမြင်မတော်တဲ့အခန်း အနည်းငယ်ပါဝင်မှာဖြစ်ပြီး အသက် ၄၀ ကျော်ပေမယ် မပျက်စီးCameron Diaz ရဲ့ အလှအပတွေကို တွေ့မြင်ရမှာဖြစ်ပြီး သူနဲ့ အတူတူ တွဲဖက်သရုပ်ဆောင်ထားသူကတော့ Jason Segal ဖြစ်ပါတယ်။ အခုခေတ်မှာ Sex Tape တစ်ခု အင်တာနက်ပေါ်ပြန့်သွားတာဟာ မထူးဆန်းတော့ပေမယ့် Annie ကတော့ သူ့မိသားစုအတွက် သူ့ပုံရိပ်အတွက် ထိုဗီဒီယိုဖိုင်လေး ပြန်ဖျက်ပစ်ဖို့ ကြိုစားခဲ့တာပါ။ IMDB 5.1/10 ရရှိထားပြီး Comedy ကား ကြိုက်သူတွေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးပါပဲ။ (အညွှန်းကိုတော့ mmmovieguide မှ ပြန်လည်တင်ပြပါသည် )",
No comments:
Post a Comment