60
"des" : "The Scent (2012) The Innocent Man ကိုရီးယားဇာတ်လမ်းတွဲထဲမှာ မိန်းမမာယာတွေကို ၊ အပြည့်အဝအသုံးချတဲ့ဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့ မင်းသမီး Park Si-yeon ကိုဒီဇာတ်ကားထဲမှာလဲဘို့ အားပြင်းဇာတ်ဆောင်အဖြစ်တွေ့မြင်ရဦးမှာပါ။ မင်းသားကတော့ Hee-soon Park ပါ။ ဒီဇာတ်ကားကိုကြည့်ပြီးရင် မင်းသမီး Park Si-yeon ကိုမှတ်မှတ်ရရရှိသွားဖို့များပါတယ်။ ဇာတ်လမ်းကတော့ စုံထောက် Kang Seon-woo ဟာ အိမ်ထောင်ရေးပြသနာတွေကိုဖြေရှင်းပေးနေတဲ့ အလွတ်စုံထောက်အလုပ်ကို တစိုက်မတ်မတ်လုပ်သူပါ..တစ်နေ့မှာတော့ Kim Soo-jin ဆိုတဲ့အမျိုးသမီးတစ်ယောက်ရောက်လာပြီး သူ့ယောက်ျားဖောက်ပြန်နေကြောင်းနဲ့ အဲ့ဒီအတွက်စုံစမ်းစစ်ဆေးမှုလုပ်ဖို့ အလုပ်တစ်ခုလာအပ်ပါတယ်... စုံစမ်းစစ်ဆေးဖို့ သွားကြတဲ့ညမှာပဲ စုံထောက် Kang Seon-woo တစ်ယောက် မိန်းမမာယာနဲ့လုပ်ကြံခံလိုက်ရပါတယ်... သူနိုးလာတော့ သူ့ဘေးမှာအလောင်းနှစ်လောင်းနဲ့ အရှုပ်ထုပ်ထဲ ချောက်ကျပြီဆိုတာသိလိုက်ရပါတယ် ဒီကိစ္စကိုဖြေရှင်းကိုအစွမ်းကုန်ကြိုးစားရင်း မင်းသမီး Park Si-yeon နဲ့ အပြိုင်အဆိုင် သူနိုင်ကိုယ်နိုင်ကြရမယ့် ဇာတ်လမ်းမျိုးပါ။ ဟာသမင်းသား Lee Kwang-soဝ လဲပါဝင်ထားတာကြောင့် ဇာတ်လမ်းကသွက်ပါတယ်... မင်းသမီး Park Si-yeon ရဲ့ Nude Scene တချို့ကြောင့် half movie ဖြစ်သွားပေမယ့် ဇာတ်လမ်းကတော့ အတော်စိတ်ဝင်စားဖို့ ကောင်းတဲ့ စုံထောက်ဆန်ဆန်ဇာတ်လမ်းမျိုးပါ။ IMDb Rating (5.7/10)ရရှိထားတဲ့ ကိုရီးယားဇာတ်ကားဖြစ်ပါတယ်။",
No comments:
Post a Comment