Wednesday, February 19, 2020

124


      "des" : "Comedyအမျိုးအစားဇာတ်လမ်းတစ်ပုဒ်ဗျ။IMDB rating 5.1/10ရရှိထားတဲ့ဒီကားကအတော်လေးကြည့်ပျော်တဲ့ကားတစ်ကားလို့ဆိုရမှာပါ။ဒီဇာတ်လမ်းထဲမှာမင်းသားZae Efronကအဓိကဇာတ်ဆောင်Jasonအဖြစ်၊Miles Tellerက Daniel၊Michael B JordanကMickyအဖြစ်တို့နဲ့အတွဲညီညီပါဝင်သရုပ်ဆောင်ထားကြတယ်ဗျ။Zae FronဆိုတာHigh School Musical ဇာတ်လမ်းတွေနဲ့နာမည်ကြီးတဲ့မင်းသား။ဆယ်ကျော်သက်တွေအကြိုက်ဆိုပါတော့ ဇာတ်လမ်းအသွားကတော့Jason၊Daniel၊Mickyဆိုတာကညီအကိုတွေလိုအရမ်းချစ်ကြတဲ့သူငယ်ချင်းတွေ။Jasonရယ်Danielကပုံနှိပ်တိုက်တစ်ခုမှာစာအုပ်အဖုံး ဒီဇိုင်နာတွေအဖြစ် အတူတူအလုပ်လုပ်နေကြတာဗျ။Micky ကတော့ ကောလိပ်ပြီးကတည်းကလက်ထပ်ပြီးသားဒေါက်တာတစ်ယောက်ဗျ။တစ်နေ့တော့Mickyရဲ့ချစ်ဇနီးကကွာရှင်းခွင့်တောင်းလို့ကွာရှင်းလိုက်ရတယ်။အရမ်းချစ်တဲ့သူငယ်ချင်းသုံးယောက်က ဘာတွေပဲဖြစ်ဖြစ်သူတို့တွေsingleအဖြစ်ပဲနေကြမယ်ဆိုပြီးလေးလေးနက်နက်ကတိထားထားကြပါပြီးMickyစိတ်ပြေလက်ပျောက်ဖြစ်အောင်လို့ဆိုပြီးBarတစ်ခုမှသွားကဲကြပါလေရော။အဲ့ညမှာပဲကောင်မလေးတွေနဲ့အသီးသီးငြိလာရောဗျ။အဲ့ဒီ့နောက်မှာတော့သူတို့တွေFriendshipနဲ့Relationshipအကြား ဘယ်လိုလွန်ဆွဲကြမလဲ။အမြဲတမ်းပေါ့ပျက်ပျက်နေတဲ့Jasonတစ်ယောက်ကရောအဆင်ပြေနိုင်ပါ့မလားဆိုတာကိုဆက်လက်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ။အော်!!!စကားမစပ်…ဒီကားမှာJasonတစ်ယောက်“MTV Movie Award for Best Shirtless Performance´´ဆုကိုရရှိသွားတယ်ဗျ။R-13ကားဖြစ်တဲ့အတွက် ကလေးတွေနဲ့အတူတစ်ကွမကြည့်ရှုဖို့တော့တိုက်တွန်းလိုက်ပါရစေ။Everybody Have a nice dayပါ။. (ဇာတ်ကားအညွန်းရေးသူကတော့ စိတ်ကောက်နတ်သမီးပဲ ဖြစ်ပါတယ်)",

1 comment: